ကျေးရွာအဆင့် ကော်မတီဝင်များအတွက် စွမ်းဆောင်ရည်မြှင့် သင်တန်း ပျော်ဘွယ်မြို့နယ်တွင် ဖွင့်လှစ်

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် ကန်နဲကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဖေဖေါ်ဝါရီလ ၂၉ ရက်

မနက်ပိုင်းက ကျေးရွာအဆင့် ကော်မတီဝင်တွေကို စွမ်းဆောင်ရည်မြှင့် သင်တန်း ဖွင့်လှစ် သင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီ သင်တန်းကို ပျော်ဘွယ်မြို့နယ်အတွင်းမှာ ရှိတဲ့‌ ကျေးရွာ ၄ ရွာက စီမံကိန်း အထောက်အကူပြု ကော်မတီဝင် သင်တန်းသား

သင်တန်းသူ စုစုပေါင်း ၂၅ ဦးကို ၂ ရက်ကြာ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပြီး၊ စီမံကိန်း ကျေးရွာ ၃၁၇ ရွာက ကော်မတီဝင်တွေ

၂၀၀၀ ကျော်ကိုလည်း အလားတူ ဆက်လက်သင်ကြားပို့ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)