ဆောမြို့နယ် ကျေးရွာ ရေပေးဝေရေး လုပ်ငန်းကို ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မကွေတိုင်း ဒေသကြီး ဂန့်ကောခရိုင် ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ အီတလီ ချေးငွေတို့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်းက စတုတ္ထနှစ် စက်ဝန်း ကျေးရွာတွေမှာ စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက်နေမှု အခြေအနေကို ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး၊ ဒေါ်မြဆန်းလင်း၊ ဆောမြို့နယ် လူထု ဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ ဒေါ်သီရိဇင်မင်း၊ နည်းပညာ အကြံပေး အဖွဲ့ ခေါင်းဆောင် ဒေါ်နီနီလွင်နဲ့ လက်ထောက်နည်းပညာမှူးတွေက ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ကြတယ်လို့ သိရပါတယ်။

 

ကွင်းဆင်း စစ်ဆေးရာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၅,၆၉၃,၀၀၀ ကျပ်နဲ့ အိမ်ခြေ ၁၂၃ အိမ် အကျိုးခံစားခွင့် ရရှိဖို့ ဆောင်ရွက်လျက် ရှိတဲ့ အညာ ပန်းပလွန်းကျေးရွာ အိမ်တိုင်ရာရောက် ရေပေးဝေရေး လုပ်ငန်းကို ကြည့်ရှု စစ်ဆေးရာ အိမ်ခြေ ၁၂၃ အိမ် အကျိုးခံစားခွင့် ရရှိမယ့် လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၁,၈၇၃,၀၀၀ ကျပ်နဲ့ ဆောက်လုပ်လျက် ရှိတဲ့ အကြည် ပန်းပလွန်း ကျေးရွာ ဂါလံ ၇၀၀၀ ဆန့် ရေမြှင့်တင်ခြင်း လုပ်ငန်းကို ကြည့်ရှုစစ်ဆေး တာနဲ့ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၂,၀၆၃,၅၀၀ နဲ့ ဆောင်ရွက်လျက်ရှိတဲ့ ရွာသာ ကျေးရွာ ရေတွင်း တူးဖော်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ လုပ်ငန်းတွေ အချိန်မှီ ပြီးဆုံးနိုင်ဖို့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ညှိနှိုင်း ပံ့ပိုးမှုတွေကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - ရှု့မောင်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,