ဆောမြို့နယ် တေးကျေးရွာအတွင်း တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှု စစ်ဆေး

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်း ဂန့်ကောခရိုင် ဆော မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင် အကောင်အထည်ဖော်လျက် ရှိသော လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း တေးကျေးရွာ အုပ်စု တေးကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းအား ဆောမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်မြဆန်းလင်းနဲ့ အငယ်တန်း အင်္ဂျင်နီယာ (၂) ဒေါ်အေးသီတာမြင့်တို့က ၂၀၂၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ပါတယ်။

ကွင်းဆင်း ကြည့်ရှု့ရာမှာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း လုပ်သားများ အနေဖြင့် အကာအကွယ် ပစ္စည်းများ အသုံးချစေရေး၊ လုပ်သားဦးရေများ လုပ်ငန်းခွင်အတွင်း နှစ်အလိုက် ကန့်သတ် လုပ်ဆောင်စေရေး၊ ကျေးရွာလူထုများ ကော်မတီဝင်များမှ လုပ်ငန်းခွင်မှာ စနစ်တစ်ကျ စောင့်ကြပ် ကြီးကြပ်နိုင်စေရေးနှင့် လုပ်ငန်းလျင်မြန်စွာ ပြီးစီးနိုင်ရေးတို့ကို ဆွေးနွေး မှာကြားခဲ့ပါတယ်။

တေးကျေးရွာမှာ ဆောင်ရွက်လျက် ရှိတဲ့ အဆိုပါ ဘက်စုံသုံးခန်းမအား လူထုဗဟိုပြု စီမံကိန်း တတိယနှစ် လက်ကျန်ငွေ သိန်း ၅၀ ကျော်၊ စတုတ္ထနှစ် စီမံကိန်း ထောက်ပံ့ငွေ သိန်း ၂၄၀ စုစုပေါင်း သိန်း ၂၉၀ ကျော် ဆောင်ရွက်မှာ ဖြစ်ပြီး၊ အဆောက်အဦးအတိုင်းအတာ အလျား ပေ ၉၀၊ အနံ ပေ ၄၀၊ အမြင့် ၂၃ ပေ တည်ဆောက်မှာ ဖြစ်ပြီး၊ အဆိုပါ ခန်းမ ဆောက်လုပ် ပြီးစီးပါက တေးကျေးရွာ အတွင်းမှာ လူဦးရေ စုစုပေါင်း ၁၃၇၅ ဦး အကျိုးခံစားနိုင်မှာ ဖြစ်ပါတယ်။

သတင်း - တင်အောင် မိုးမြင့်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank