ကရင်ပြည်နယ် ဝန်ကြီးချုပ် ဘားအံမြို့နယ်ရှိ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ကရင် ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဇော်ချစ်၊ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ် ဦးစီးမှူး တို့နဲ့အတူ လိုက်ပါလျက် ဩဂုတ်လ ၂၆ ရက်နေ့က ဘားအံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ မူးကဝကျေးရွာ၊ ကော့တရုတ်ရ ကျေးရွာနဲ့ တောကြီးကျေးရွာတို့မှာ ကျောက်ရောမြေခင်း လုပ်ငန်း၊ ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်း၊ ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးရာ ပြည်နယ် ညွှန်ကြားရေးမှူးနဲ့ မြို့နယ် ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုကို ရှင်းလင်း တင်ပြရာ ဝန်ကြီးချုပ်က ကျေးရွာလူထုကို Covid-19 ကြောင့် ကျေးလက်နေ ပြည်သူများရဲ့ လူမှု စီးပွားရေး ထိခိုက်မှုများကို တုန့်ပြန် ဆောင်ရွက်တဲ့ အနေနဲ့ မြို့နယ်အတွင်းရှိ ဝင်ငွေနည်းပါးတဲ့ ကျေးလက်နေ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးသည့်အတွက် ပုံမှန် ဝင်ငွေ ရရှိပြီး ကျေးရွာ ရဲ့ လမ်းတံတားနဲ့ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး၊ Cash for Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မိမိတို့ ကျေးရွာ ဖွံ့ဖြိုး တိုးတက်စေရေးကို ကျေးရွာသူ ကျေးရွာသားများ အနေနဲ့ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ဘားအံမြို့နယ်မှာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၃၆ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကျေးရွာ ၁၀ ရွာရဲ့ လုပ်ငန်းများမှာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးလျက် ရှိပြီး၊ ကျန်ကျေးရွာ ၂၆ ရွာရဲ့ လုပ်ငန်းများမှာ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်းနဲ့ စက်တင်ဘာလ ပထမ အပတ်အတွင်း လုပ်ငန်းများအားလုံး ပြီးစီးမှာ ဖြစ်ကြောင်း မြို့နယ် ဦးစီးမှူး၊ ဦးသူရလွင် ထံမှ သိရပါတယ်။

သတင်း - ဧဧလေး

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage

https://youtu.be/e8r3-L4J6KY