မတ္တရာ မြို့နယ် သမင်တွင်း ကျေးရွာမှာ Cash for Work စီမံကိန်းဖြင့် ရွာတွင်းလမ်း ဂျင်းခင်းခြင်းလုပ်ငန်း ပြီးစီး

Village Street Upgrading Activities under Cash for Work Project in Thamintwin Village of Madaya Completed

Mandalay, SkyNet Media Coverage

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ မန္တလေးတိုင်း ဒေသကြီး မတ္တရာ မြို့နယ် သမင်တွင်း ကျေးရွာမှာ Cash for Work စီမံကိန်း နဲ့ ရွာတွင်းလမ်း ဂျင်းခင်းခြင်း လုပ်ငန်း အရှည်ပေ ၃၃၄၅ ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မကို ဆောင်ရွက်လျက်ရှိရာမှာ အခုအခါမှာတော့ ရာနှုန်းပြည့် ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

Covid-19 Economic Relief Plan ရဲ့ လုပ်ငန်း စီမံချက် အစီအစဉ်အရ Cash for Work စီမံကိန်း ပံ့ပိုးငွေကျပ် သိန်း ၁၀၀ နဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

အဲဒီ လုပ်ငန်းဆောင်ရွက်မှု အခြေအနေတွေကို ပြင်ဦးလွင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူး ဦးဇေယျာမျိုးနဲ့ တာဝန်ရှိသူတွေ ယခုလ ပထမပတ်မှာ လုပ်ငန်း အရည်အသွေး ပြည့်မှီ စေရေးနှင့် စီမံကိန်း ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ထားတာ ရှိမရှိကို ကြည့် ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage