ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နှင့်အဖွဲ့ မကွေးတိုင်း ဒေသကြီးအတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း ကြည့်ရှု့

မကွေးတိုင်း ဒေသကြီး မြို့သစ်မြို့နယ် ရွှေပန်း ကျေးရွာမှာ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ နဲ့ ရေထုတ်မြောင်း တူးဖော်ခြင်းနဲ့ ကျောက်ရော မြေခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေတွေကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် နဲ့ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်နဲ့ ခရိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျေးရွာ ကော်မတီဝင်တွေနဲ့ အတူ ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၈ နာရီမှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ဒီလုပ်ငန်းတွေကို Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာသူ ကျေးရွာသား တွေ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပြီး၊ မြို့သစ် မြို့နယ်အတွင်း ကျေးရွာ ၁၀ ရွာမှာ လည်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိနေပါတယ်။

သတင်း - စိုးလင်းထွဋ်၊ သန်းလွင် (မကွေး)

#CERP, #CFW, #DRD, #MOALI

Credit – SkyNet Media Coverage