သုံးခွမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းနှင့် Cash for Work (CFW) စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

သုံးခွ ဩဂုတ် ၁၄

 

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းနှင့် Cash for Work (CFW) စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီက သုံးခွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် အမှတ်-၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေကအဖွင့် အမှာစကားပြောကြားပြီး ရန်ကုန်တောင်ပိုင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခရိုင် ဦးစီးမှူး‌ ဒေါ်အေးအေးကြူက စီမံကိန်း၏ ရည်ရွယ်ချက် လုပ်ငန်းစဉ်များ၊ ရန်ပုံငွေ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုများအား ရှင်းလင်းပြောကြားပြီး ကျေးရွာမတည်စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ(၁၃) ရွာအား စီမံကိန်း ရန်ပုံငွေ type .1 သိန်း(၃၀၀)နှင့် type .2. သိန်း(၂၀၀) type .3 သိန်း(၁၀၀) နှင့် Cash for Work (CFW) စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ(၁၃)ရွာအား ရန်ပုံငွေသိန်း(၁၀၀)၊ စုစုပေါင်းငွေကျပ်သိန်း ၄၅၀၀တို့ အား‌ကျေးရွာ အသီးသီး ရှိ စီမံကိန်းကော်မတီဝင် များထံသို့ တာဝန်ရှိသူများက အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စည်သူလင်း (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4390