ကလေးဝမြို့နယ်အတွင်း Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသော ကျေးရွာ ၆ ရွာမှ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

ကလေးဝ စက်တင်ဘာ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအ စဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာတစ်ရွာလျှင် ခွင့်ပြုငွေ ကျပ်သိန်း (၁၀၀) ဖြင့် ဆောင် ရွက်နေသော ကျေးရွာ ၆ ရွာမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးအောင်မြင်ပြီ ဖြစ်ကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကလေးဝမြို့နယ်အတွင်းရှိ ကျေးရွာ(၆) ရွာတို့တွင် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ခေါမကျေးရွာ၊ ဟင်တင်ကျေးရွာ၊ စင်းပဲကျေးရွာနှင့် မာန်လုံကျေးရွာတွင်လည်းကောင်း၊ ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းကို ဟင်တင်ကျေးရွာနှင့် စခန်း ကြီးကျေးရွာတွင်လည်းကောင်း၊ အုန်းပင်စု ကျေးရွာတွင် ရွာတွင်းဂျင်းမြေ ခင်းခြင်းနှင့် စခန်းကြီး ကျေးရွာတွင် ရေမြောင်းတူးဖော်ခြင်းစသည့်လုပ်ငန်းများအားရာနှုန်းပြည့် ပြီးစီးအောင် အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနရုံးမှ သိရသည်။

Cash for Work စီမံကိန်းသည် ကိုဗစ်ကာလ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP) အရ ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ကျေးရွာပြည်သူ လူထုကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများရွေးချယ်ကာ ချက်ချင်းလုပ်အားခ ပေးချေမှု စနစ်ဖြင့် မြို့နယ်အတွင်း ကျေးရွာ(၆)ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးခဲပြီဖြစ်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးများမှ ထွက်ရှိလာသည့် ထုတ်ကုန်၊ ထွက် ကုန်များကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အလွယ်တကူ သယ်ယူပို့ ဆောင်နိုင်ခြင်း၊ သောက်သုံးရေဖူလုံစွာ သုံးစွဲ နိုင်ခြင်း စသည့် ကျေးလက်နေပြည် သူများများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း ကလေးဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုင်နီလာထွေး ၏ ပြောပြချက်အရ သိရသည်။

မြို့နယ်(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/11073