ဓနုဖြူမြို့နယ် သံပုရာခုံကျေးရွာတွင် လူထုစစ်ဆေးပွဲပြုလုပ်

ဓနုဖြူ  ဇွန်လ ၁၀ ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်) စက်ဝန်းတွင် ကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော သဲဖြူ(​​​​မြောက်) အုပ်စု၊ သံပုရာခုံကျေးရွာမှ အင်ဂျင်မီးလင်းရေးလုပ်ငန်း (Grid Ready) အတွက် လူထုစစ်ဆေးပွဲကို ၂၀၂၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် စီမံကိန်း၏  Covid ကာလအတွင်း ကောင်အထည်ဖော်ရေး လမ်းညွှန်ချက် အတိုင်းပြုလုပ်ရာကျေးရွာအိမ်ထောင်စု (၅၈) စုရှိသည့်အနက် အိမ်ထောင်စု(၄၈)စုမှ စီမံကိန်းလုပ်ငန်းခွဲ၏ လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မဲပေးခဲ့ရာ ကော်မတီဝင် (၁၅) ဦးမှ အလွန်ကျေနပ် (၁၃) ဦးနှင့် ကျေနပ် (၂) ဦး၊ ကျေးရွာလူထု (၃၃) ဦးမှ အလွန်ကျေနပ် (၂၈)ဦးနှင့် ကျေနပ် (၅) ဦးရရှိပါသည်။

ဆက်လက်၍ ရလာဒ်နှင့်ပတ်သက်၍ မဲပေးခဲ့ရာ ကော်မတီဝင်(၁၅)ဦးမှ အလွန်ကျေနပ် (၁၃) ဦးနှင့် ကျေနပ် (၂) ဦးဖြင့်လည်းကောင်း၊   ကျေးရွာလူထုမှ အလွန်ကျေနပ်  (၂၇) ဦးနှင့် ကျေနပ် (၆) ဦးအသီးသီးရရှိ၍ လူထုစစ်ဆေးပွဲ ရလာဒ်များအား ကြော်ငြာ သင်ပုန်းတွင်ကပ်ခြင်း၊ အသံချဲ့စက်ဖြင့်ကြောငြာခြင်းတို့ဖြင့်ကျေးရွာလူထုသို့အသိပေးခဲ့ပါသည်။