International Women’s Day အခမ်းအနားကျင်းပ

(၈.၃.၂၀၁၈)ရက်နေ့

ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ ကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ Campaign အခမ်းအနားကို ဖားဆောင်းမြို့နယ်၊ ဖားစည်သံလွင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးဦးဘော့စ်ကိုမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကယားပြည်နယ် ပြည်နယ်ဒု-စီမံကိန်းတာဝန်ခံ ဒေါ်နော်ချောစုမှ IWD ဖြစ်ပေါ်လာပုံသမိုင်းကြောင်းအားရှင်းလင်းတင်ပြခဲ့ပြီး၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် TTA,CSAG ဒေါ်လေးလေးနွယ်မှ စီမံကိန်းတွင် ကျား/မရေးရာထည့်သွင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ အောင်မြင်မှုမှတ်တမ်းဇာတ်လမ်း(၂)ပုဒ်၊ ဂုဏ်ပြု တေးသီချင်းများပြသခြင်း၊ အမေး/အဖြေအစီအစဉ်များဖြင့် ပညာပေးလုပ်ဆောင် ခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပါသည်။