ပေါက်မြို့နယ် ရှားတောကျေးရွာ၌ မြေနီကျောက်ချော ရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းဖွင့်ပွဲကျင်းပ

 

ပေါက် မေ  ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရှားတောကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (CDD) ထောက်ပံ့ရန်ပုံငွေ၊ ဖြင့် ဆောင်ရွက်ခဲ့သည့် မြေနီကျောက်ချော ကျေးရွာတွင်းလမ်းပြုပြင်ခြင်းဖွင့်ပွဲကိုယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျေးရွာ ရွာလယ်မဏ္ဍပ် အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်က အဖွင့်အမှာ စကားပြောကြားသည်။ ဆက်လက်၍ နည်းပညာအကြံပေး ဝေဖန်အကြံပြုတိုင်းကြားချက်ဖြေရှင်းရေးနှင့် ကျား-မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းက မြေနီကျောက်ချော ကျေးရွာတွင်းလမ်းပြုပြင်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပါသည်။

ထို့နောက် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းဖွင့်ပွဲကို  နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၊ နည်းပညာ အကြံပေး ဝေဖန်အကြံပြုတိုင်းကြားချက်ဖြေရှင်းရေးနှင့် ကျား-မရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်း၊ ကျေးရွာခွဲတာဝန်ခံနှင့် တာဝန် ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

အဆိုပါ မြေနီကျောက်ချောကျေးရွာတွင်းလမ်းသည် အရှည်(၉၆၆) ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ ပေ ပြုပြင်ခြင်းလုပ်ငန်းကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် (၆၅)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၇.၁၅)သိန်းဖြင့် လည်းကောင်း၊ လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကာ ကျေးရွာသူ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရသည်။

စိုးမိုးကျော်