ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်တွင် Public Dialogue ပြုလုပ်ခြင်း

        

   ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၏ စီမံကိန်းမြို့နယ်တစ်မြို့နယ်ဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်(ဒုတိယနှစ် စီမံကိန်းစက်ဝန်း) ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးများပူးပေါင်းပါဝင်မှု အရေးကြီးပုံ၊ပူးပေါင်းပါဝင်မှု ပိုမိုအားကောင်းလာစေ ရန်နှင့် အမျိုးသမီးဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်အခွင့်အလမ်း တစ်ခုဖြစ်ပေါ် လာစေရန် ရည်ရွယ်၍ (၃၀.၈.၂၀၁၉) ရက်နေ့၊နံနက် (၉:၀၀)နာရီ၊ ရတနာပြည့်လျှံ ဓမ္မဗိမာန်တွင် ''အမျိုးသမီးများ ပူးပေါင်းပါဝင်မူ အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ'' ပြည်သူစကားဝိုင်းကို ဌာနဆိုင်ရာ၊အဖွဲ့အစည်းများမှ တာဝန်ရှိ သူများ၊ကျေးရွာအုပ်စုများမှကော်မတီများ၊ကျေးရွာများမှ စိတ်ပါဝင်စားသူများတက်ရောက်ကာကျင်းပဆောင်ရွက် ခဲ့ပါသည်။

       အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ပါဝင်ဆွေးနွေးသူများအဖြစ် လူမှု့ဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး၊ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ရွှေဝါ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး ၊မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဒေါက်တာတင်မောင်လင်းနှင့် Ahkhar Women မှ ဒေါ်နန်းထွေးတို့က မိမိတို့၏ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမျိုးသမီးပါဝင်  မူကြောင့် စွမ်းဆောင်ရည်မြင့် တက်လာမူ၊ ပါဝင်မှု အခန်းကဏ္ဍနှင့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် အမျိုးသမီးကော်မတီ (အမျိုးသမီးကွန်ရက်)အဖွဲ့ဝင်များမှ စီမံကိန်းကြောင့်ရရှိလာသည့် အကျိုးကျေးဇူး၊ အတွေ့အကြုံနှင့် အမျိုးသမီးဘဝဖွံ့ဖြိုးရေးအတွက်အခွင့်အလမ်းများ၊ လိုအပ်ချက်များ ပိုမို ရရှိရန်တင်ပြခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာသူများထဲမှ အလုပ်အကိုင်အခွင့်အလမ်းများ နှင့်ဝင်ငွေများရရှိရန် ၊ သတင်းအချက်အလက်များ၊ အကြံဉာဏ်များ၊ ဖွဲ့စည်းထားသည့်အမျိုးသမီးကွန်ရက်အဖွဲ့ကို မည်သို့ ဆက်လက်၍ကူညီနိုင်မလဲနှင့် သက်ငယ်မုဒိန်းမှုအတွက် အသိပညာပေးဟောပြောပွဲများ ပိုမိုပြုလုပ် ပေးရန်နှင့် ဖြစ်ပေါ်လာပါက မည်သို့ချိတ်ဆက်ဆောင်ရွက်ရမည်နည်းစသည့် သိလိုသည်များကို မေးမြန်းခဲ့ရာ panel list ဖြစ်သူများမှ တင်ပြဆွေးနွေးခဲ့မူအပေါ် မိမိတို့ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချပြရှင်းလင်းခဲ့ပြီး အမျိုးသမီးများအနေဖြင့် မိမိတို့၏ စွမ်းဆောင်ရည်ကို လက်တွေ့အသုံးချပါ၊ အဖွဲ့ဝင် အချင်းချင်း စည်းလုံး ညီညွတ်စွာ ဆောင်ရွက်နိုင်စေရေးနှင့် ဆောင်ရွက်မည့် လုပ်ငန်းများတွင် women network အဖွဲ့ဝင်များဖြင့် ချိတ်ဆက်မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါ ပြည်သူ့ စကားဝိုင်းကို ပြည်ထောင်စုအဆင့် ကျားမရေးရာ တာဝန်ခံဦးစီးအရာရှိ ဒေါ်ညွှန်းသွဲ့သွဲ့နိုင်က ဦးဆောင် ဆွေးနွေးသူ အဖြစ်ကျင်းပဆောင်ရွက်ခဲ့ပါသည်။