ဆီဆိုင်မြို့နယ် လူထု ဗဟိုပြု လုပ်ငန်းခွဲများကို ကြည့်ရှု့စစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မှ ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ တောင်ကြီးခရိုင် ဦးစီးမှူး ဦးရန်မျိုးနိုင်နဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဦးခွန်မြင့်သောင်းတို့က ဇွန်လ ၆ ရက်နေ့က ဘန်းယဉ် ကျေးရွာ အုပ်စု မင်္ဂလာ(ရှမ်း)ကျေးရွာ၊ နောင်ဘို ကျေးရွာ၊ ခုတ်နမ့် ကျေးရွာနဲ့ နောင်မွန်အုပ်စု လီမွန်ကျေးရွာများမှ အကောင်အထည် ဖော် ဆောင်ရွက်နေတဲ့ ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ် တံတား တည်ဆောက်ခြင်းလုပ်ငန်း၊ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး ကြည့်ရှု့ခဲ့ပါတယ်။

အဆိုပါ ကွင်းဆင်းရာမှာ ကော်မတီဝင်များနဲ့ တွေ့ဆုံခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းများ အရည်အသွေး ပြည့်မှီစေရေး၊ ကျေးရွာမှာ ရေရရှိရေး၊ ရေ အရင်းအမြစ်များ ထိန်းသိမ်းထားရှိရေး၊ မြစိမ်းရောင် စီမံကိန်း အတိုးရငွေ များမှ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများမှာ အသုံးပြုနိုင်ရေး၊ ကော်မတီများ ကျေးရွာသူ ကျေးရွာသားများမှ စီမံကိန်း လုပ်ငန်းများမှာ ပူးပေါင်း ပါဝင် နိုင်ရေး တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank