မောက်မယ်မြို့လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

မောက်မယ် သြဂုတ် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့တိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းများအား ရှမ်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ပြည်နယ် ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်းက ယမန်နေ့ ညနေ ၄ နာရီ အချိန်တွင် မြို့နယ် ကျေး/ ကျေးလက်ဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

ရှေးဆိုစွာ ပြည်နယ် ညွှန်ကြားရေးမှူးက စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အခက်အခဲ ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းမှ CFW နှင့် VRFP လုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြခဲ့ပြီး လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ ဦးဝင်းမြတ်သူမှ စီမံကိန်း ဒုတိယနှစ် စက်ဝန်း ဆောင်ရွက်ပြီးစီးနေမှုများနှင့် ရှေ့နှစ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် ပြည်နယ်ညွှန်ကြားရေးမှူးသည် ဟိုလွိုင်ကျေးရွာအုပ်စု ကျောင်းခမ်းကျေးရွာ၌ CFW စီမံကိန်းဖြင့် လမ်းပြုပြင် ခြင်းလုပ်ငန်း ၊ ဟိုပုံးကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရံပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသော ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ကြည့်ရူခဲ့ပြီး ကျေးရွာလူထု ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကာ လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့် (မောက်မယ်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/7411