လူထုဗဟိုပြု စီမံကိန်း M & E, MIS မွမ်းမံ သင်တန်း ဖလမ်း ခရိုင်တွင် ပို့ချ

ချင်းပြည်နယ် ဖလမ်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် M & E, MIS မွမ်းမံ သင်တန်းပို့ချခြင်းကို ဖေဖော်ဝါရီလ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့က အဆိုပါ ဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။

အခု သင်တန်းဖွင့်လှစ်ပေးတာကြောင့် သင်တန်းသားများအနေနဲ့ လူထုဗဟိုပြု စီမံကိန်းမှ အသုံးပြုတဲ့ MIS စနစ် အလုပ်လုပ်ပုံနဲ့ ပုံစံများ ဖြည့်သွင်းနည်းကို ရှင်းရှင်းလင်းလင်း သိရှိပြီး၊ တိကျမှန်ကန် အသုံးဝင်သော အချက်အလက်များကို ကောက်ယူနိုင်မှာ ဖြစ်ကြောင်း မြို့နယ်နည်းပညာ အကြံပေး ဒေါ်ခိုင်မာလာနွယ်က ပြောပါတယ်။

အဆိုပါ သင်တန်းမှာ M & E ရဲ့ အခြေခံ သဘောတရား NCDDP ရဲ့ MIS, GIS အကြောင်း PC Server နဲ့ Tablet ချိတ်ဆက်နည်း၊ ပုံစံများ ဖြည့်သွင်းနည်း၊ Tablet ထဲ data ထည့်သွင်းနည်း အကြောင်းကို သင်တန်းပို့ချခဲ့ပြီး၊ သင်တန်းကို လူထုဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းအတွက် ခန့်အပ်ထားတဲ့ စည်းရုံးရေးမှူး သင်တန်းသား သင်တန်းသူ ၂၃ ဦး တက်ရောက်တယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank