မြို့နယ်အဆင့်သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲကျင်းပ

၂၀၁၉ ခုနှစ် ဇွန် လ ၂၀ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ လွိုင်ကော်-ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနားအား (၂၀.၆.၂၀၁၉)ရက်နေ့တွင်ကယားပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုမှ အမှာစကားပြောကြားခြင်း၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းစဉ်များရှင်းလင်းပြောကြားခြင်းနှင့် ဆောင်ကန်းကျေးရွာလူငယ်မောင်မယ်များ မှ တိုင်းရင်းသားအကဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။ ကပြဖျော်ဖြေခဲ့ကြသော ဆောင်ကန်းကျေးရွာ လူငယ်မောင်မယ်အဖွဲ့အား ပြည်နယ်ဝန်ကြီးချုပ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တို့မှ ဆုတော်ငွေကျပ်(၁)သိန်းခွဲ ချီးမြှင့်ခဲ့ပြီးစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ NGO,INGO များ၊ ကျေးရွာကော်မတီဝင်များ ၊ စုစုပေါင်း(၃၉၀)ဦးခန့်တက်ရောက်ခဲ့ပါသည်။