မိုးကောင်းမြို့နယ် စီမံကိန်း လုပ်ငန်းခွဲတွေကို ကြည့်ရှု့စစ်ဆေး

ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ပြည်နယ် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်နဲ့ အဖွဲ့ဟာ ဇွန်လ ၅ ရက်နေ့က မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဆားမှော်ကျေးရွာ ဘက်စုံသုံးခန်းမနဲ့ ကျေးရွာ ဘောလုံးကွင်း ပြုပြင်ဆောင်ရွက်နေမှု၊ အင်းပေါင်းကျေးရွာ တံတား တည်ဆောက်နေမှုနဲ့ ဘောလုံးကွင်း ပြုပြင်ဆောင်ရွက်နေမှု၊ အောင်သာ ကျေးရွာ ဘက်စုံသုံး ခန်းမ တည်ဆောက် ပြီးစီးမှုနဲ့ အုတ်ကျင်းကျေးရွာ ခန်းမ ဆက်စပ်လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတွေကို ကွင်းဆင်း စစ်ဆေးခဲ့ရာမှာ မြို့နယ် ဦးစီးမှူး ဦးမြသိန်းဝင်းနဲ့ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေ ပြည်နယ် အင်ဂျင်နီယာ မြို့နယ် အင်ဂျင်နီယာ တွေက အတူ လိုက်ပါခဲ့ကြပြီး ကျေးရွာ ကော်မတီဝင်တွေနဲ့ တာဝန်ကျ စည်းရုံးရေးမှူးတွေက လုပ်ငန်းဆောင်ရွက်ထားရှိမှုတွေကို ရှင်းလင်း တင်ပြပေးခဲ့တယ်လို့ သိရပါတယ်။

 

အဲလို ကွင်းဆင်းစစ်ဆေးရာမှာ လူထု ဗဟိုပြု စီမံကိန်း ပြည်နယ် တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်က ကျေးရွာ ကော်မတီဝင်တွေကို လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး၊ စာရင်း ဇယားတွေကို သေချာ အောင် ပြုစုထားရှိရေး၊ တာဝန်ကျ စည်းရုံးရေးမှူးတွေ ကွင်းဆင်း ကြီးကြပ်မှု စတာတွေကို မှာကြား တယ်လို့ သိရပါတယ်။

 

မိုးကောင်းမြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) မှာ ကျေးရွာ အုပ်စု ၃၆ အုပ်စု ကျေးရွာပေါင်း ၇၉ ရွာအတွက် စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် ၁၆၂၃ သန်းနဲ့ ဆောင်ရွက်လျက်ရှိတယ်လို့ Team Leader ဒေါ်အေးအေးလင်း ထံက သိရပါတယ်။

 

သတင်း - ဧဧလေး

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank