ကျေးရွာအဆင့် ဝေဖန်အကြံပြု တိုင်းကြား ဖြေရှင်းရေး သင်တန်း မောက်မယ်မြို့နယ်တွင် ကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း အကောင်အထည်ဖော်

ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွက် ကျေးရွာအဆင့် ဝေဖန်အကြံပြု

တိုင်းကြား ဖြေရှင်းရေး သင်တန်းကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ နန့်မြန်းခမ်းမမှာ ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။ ရှေးဦးစွာ လူထုဗဟိုပြု

စီမံကိန်း နည်းပညာ အကြံပေးအဖွဲ့က ဝေဖန်အကြံပြု တိုင်ကြားရေးတာဝန်ခံ ဦးမိုင်းဉာဏ်လင်းက အကြံပြု တိုင်ကြားတဲ့ စနစ်ကို စီမံကိန်းနဲ့

ဆက်နွယ်သူတွေ အားလုံး ပူးပေါင်း ပါဝင်တဲ့အတွက်ကြောင့် ပြဿနာတွေကို စေ့စပ်သေချာတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဖြေရှင်းနိုင်ဖို့ စီမံကိန်းကို

နှောင့်နှေးနိုင်စေတဲ့ အရာမှန်သမျှကို ခိုင်လုံစွာ ဖော်ထုတ်နိုင်ဖို့နဲ့ တာဝန်ခံမှုနဲ့ ကျင့်ဝတ် စောင့်ထိန်းမှုတို့ အားကောင်းလာစေဖို့ စီမံကိန်း အရေအတွက်

တိုးတက်လာစေဖို့ ရည်ရွယ်ချက်နဲ့ အခုလိုမျိုး ပို့ချတာ ဖြစ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။ အဲနောက်မှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာနက ဝေဖန် အကြံပြု တိုင်ကြားဖြေရှင်းရေး တာဝန်ခံ ဒေါ်အိအိမွန်က ဒေသခံ ဘာသာစကားနဲ့ သင်တန်း အစီအစဉ်အတိုင်း တစ်ရက် သင်ကြား

ပို့ချပေးခဲ့ပါတယ်။  သင်တန်းမှာ လူထုဗဟိုပြုစီမံကိန်းမှ ဝန်ထမ်းတွေနဲ့ ကျေးရွာအုပ်စု လေးအုပ်စုက ဝေဖန်အကြံပြု တိုင်ကြား ဖြေရှင်းရေး

ကိုယ်စားလှယ် ၃၅ ဦး ခန့် တက်ရောက်တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank