လှိုင်းဘွဲမြို့နယ် ထီးတာဟော်ကျေးရွာ သံကူ ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်း (၈၀)ရာခိုင်နှုန်းပြီးစီး

NCDDP’s Concrete Bridge Construction in Htee Tar Haw Completed 80 Percent

Kayin, 1 December 2020, Ministry of Information

လှိုင်းဘွဲ ၁ ဒီဇင်ဘာ

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ကွမ်တာကျေးရွာ အုပ်စု၊ ထီးတာဟော် ကျေးရွာ သံကူကွန်ကရစ် တံတား ဆောက်လုပ်ခြင်း အလျား ၂၁ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၁၀ ပေ လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် (၂၃,၅၀၀,၀၀၀) ဖြင့် အကောင်ထည်ဖော် ဆောင်ရွက်နေရာတွင် (၈၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံကူ ကွန်ကရစ် တံတား တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူများက ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာနှင့် မြို့နယ် နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျ လမ်းညွှန်မှု၊ ရပ်ရွာ ပြည်သူလူထုတို့၏ ပူးပေါင်း ပါဝင်မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်းပြီးစီးပါက ထီးတာဟော် ကျေးရွာမှ အိမ်ထောင်စု (၄၁)စု၊ လူဦးရေ (၂၇၀) အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/news/22852

http://www.mdn.gov.mm/my/liungbhaimiuny-thiittaaheaakeraa-snkuuknkrcttnttaa-cheaaklupkhnglupngn-80raakhiungnunpiicii