လှိုင်းဘွဲ့ မြို့နယ် ငါးရစ် ချောင်းဖျားကျေးရွာ ကွန်ကရစ် တံတား ရာနှုန်းပြည့် ပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) နဲ့ ဆောင်ရွက်ခဲ့တဲ့ ပိန္နဲတော ကျေးရွာ အုပ်စု ငါးရစ် ချောင်းဖျားကျေးရွာ ကွန်ကရစ် တံတားသစ် တည်ဆောက်ခြင်းလုပ်ငန်းကို မတ်လ ဒုတိယ အပတ်က စတင် အကောင်အထည် ဖော်ခဲ့ရာမှာ ယခု အခါတော့ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီလို့ သိရပါတယ်။

 

ငါးရစ် ချောင်းဖျားကျေးရွာ RC ကွန်ကရစ် တံတား တည်ဆောက်ခြင်းကို လူထု ဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) ထောက်ပံ့ရန်ပုံငွေကျပ် ၃၉၉ သိန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေရဲ့ နည်းပညာ ပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank