ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထော်ရွဲ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

NCDDP’s Village Concrete Street Construction in Htaw Ywe Village of Hlaingbwe Completed 100 Percent

Kayin, 17 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၁၇

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် အင်းနို့သိပ္ပံကျေးရွာ အုပ်စု၊​ ထော်ရွဲကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခြင်း လုပ်ငန်းကို ၂၀၂၀ ခုနှစ် ​နိုဝင်ဘာလ ၂ရက်​နေ့က စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၂၀၀၀၀၀၀၀) ကျပ်ဖြင့် ​ဆောင်ရွက်​နေ​သော ရွာတွင်းကွန်ကရစ်လမ်း (အရှည် ၁၇၂၀ပေ x အကျယ် ၁၂​ပေ x ထု ၆လက်မ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းမှ လက်​ထောက်နည်းပညာမှူးနန်းဇီဇဝါပွင့်၊ လူထုစည်းရုံး​ရေးမှူး​နန်းစန်းစန်းမြင့်တို့မှ အနီးကပ်ကြီးကြပ်မှု၊ မြို့နယ်​ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်​အေးမြနန္ဒာထွန်းနှင့် မြို့နယ်နည်းပညာအကြံ​ပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု များဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်သောကြောင့် ထော်ရွဲကျေးရွာ မှ အိမ်​ထောင်စု (၃၈၆)စု၊ လူဦးရေ (၂၃၁၀)ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီပွားရေး၊ လူမှု​ရေးများ အတွက် အဆင်​​ပြေ​ကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ်​ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

ကရင်ပြည်နယ်

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/24878