လှိုင်းဘွဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ ၂၃၆ ခု လွှဲပြောင်း ပေးအပ်

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မှာ စီမံကိန်းလုပ်ငန်းခွဲများအား သက်ဆိုင်ရာဌာနသို့ လွှဲ​ပြောင်းအပ်နှံခြင်း အခမ်းအနားကို ဩဂုတ်လ ၂၇ ရက်နေ့ မနက်ပိုင်းက မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေး ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးမင်းသိန်းမှ အဖွင့်အမှာစကား​​ပြောကြားပြီး၊ ​ ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး​ ​ဒေါ်​အေးမြနန္ဒာထွန်းက ဒုတိယနှစ် စက်ဝန်း စီမံကိန်းမှာ ဆောင်ရွက်ခဲ့​တဲ့ လုပ်ငန်းများ အ​ကြောင်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

အဆိုပါ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ ကျေးရွာ အုပ်စု ၇၀ အုပ်စု၊ ကျေးရွာ ၂၀၆ ရွာမှာ​ ရန်ပုံငွေ ကျပ် ၄၃၃၀ သန်း နဲ့ လမ်းလုပ်ငန်း ၁၃၀၊ တံတားလုပ်ငန်း ၁၃ခု၊ ​​ကျေးလက်ရေရှိ​ရေး ၇ ခု၊ ပညာ​ရေး အ​ဆောက်အဦး ၅၅ ခု၊ ကျန်းမာ​ရေးအ​ဆောက်အဦး ၂ ခု၊ ​ကျေးလက် မီးလင်း​ရေး ၂၁ ခု၊ ​ကျေးရွာအ​ဆောက်အဦး ၄ ခုနဲ့ အခြား ဖွံ့ဖြိုး​ရေးလုပ်ငန်း ၄ ခု စုစု​ပေါင်း လုပ်ငန်း ၂၃၆ ခုကို အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများ ၁၀၀ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်တာကြောင့် ယခုလို လွှဲ​ပြောင်း​ပေးအပ်ရခြင်း ဖြစ်​ကြောင်း သိရပါတယ်။

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage