ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း ကျေးရွာ အဆင့် စီမံကိန်း မိတ်ဆက်ပွဲ ကျင်းပ

NCDDP’s Village Level Socialization Meeting Organized at Pein Ken of Kayan

Yangon, 20 November 2020, SkyNet Media Coverage

 

ရန်ကုန်တိုင်း ဒေသကြီး၊ ခရမ်းမြို့နယ် ပိန်းကန်ကျေးရွာ အုပ်စု ပိန်းကန် ကျေးရွာမှာ လူထုဗဟိုပြု စီမံကိန်း (CDD) ကျေးရွာ အဆင့် စီမံကိန်း မိတ်ဆက်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် (၁၀) နာရီက ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်နဲ့ အညီ စနစ် တစ်ကျ ကျင်းပ ပြုလုပ်တယ်လို့ သိရပါတယ်။

ပထမ ဦးစွာ ရန်ကုန်တိုင်း ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြု စီမံကိန်းရုံးခွဲမှ ဒုတိယ စီမံကိန်း တာဝန်ခံ ဦးတန်ဂျီးမှ အဖွင့် အမှာ စကား ပြော ကြားပြီး၊ လူထုဗဟိုပြု စီမံကိန်း အကြောင်းကို မိတ်ဆက်ရှင်းလင်းပါတယ်။

အဲဒီနောက်မှာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်က စီမံကိန်း လုပ်ငန်းစဉ်နဲ့ ရရှိမယ့် အကျိုးကျေးဇူးတို့ကို ပြောကြားပါတယ်။

အဲနောက်မှာတော့ လူထု ဗဟိုပြု စီမံကိန်း နှင့် ပတ်သတ်တဲ့ သိရှိလိုတာတွေ မေးမြန်းမှုကို တာဝန်ရှိသူတွေက ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

အခမ်းအနားကို မြို့နယ် ကျေးလက်ရုံးမှ ဝန်ထမ်းတွေ ကျေးရွာ အုပ်စု ၈ အုပ်စုမှ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေနဲ့ ရွာခွဲ တာဝန်ခံတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

သတင်း - ကိုကျော် (သုံးခွ)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage