မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ သုံးသပ်ဆွေးနွေးပွဲ ပူတာအိုမြို့မနောကွင်းမှာ ကျင်းပ

ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအို မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ သုံးသပ်ဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၇ ရက်နေ့ မနက် ၉ နာရီခွဲက ပူတာအိုမြို့ ရဝမ်ရိုးရာ မနောကွင်းမှာ ကျင်းပပါတယ်။

ပြီးစီးခဲ့တဲ့ စီမံကိန်း စက်ဝန်း အတွေ့အကြုံများကို မျှဝေခြင်း၊ မည်သည်တို့ကို ကောင်းအောင် လုပ်နိုင်ခဲ့သလဲ၊ မည်သည်တို့ကို ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်သင့်သနည်း၊ စသည်တို့ကို မျှဝေရန်၊ နောင်လာမယ့် စီမံကိန်း စက်ဝန်းကို ပိုမိုတိုးတက် ကောင်းမွန်လာစေရန် သုံးသပ်ချက်များနဲ့ ရရှိခဲ့တဲ့ သင်ခန်းစာများ ရေးဆွဲရန် အစိုးရအဖွဲ့အစည်းများကို ကျေးရွာအဖွဲ့အစည်းအတွက် အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းများနဲ့ဆွေးနွေးခွင့် ရရှိစေရန် စတဲ့ ရည်ရွယ်ချက်များနဲ့ မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်တဲ့ သုံးသပ်ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း သိရပါတယ်။

အခမ်းအနားမှာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးယောစီက အဖွင့် အမှာစကား ပြောကြားပြီး၊ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဇော်နောင်က စီမံကိန်း အကြောင်းအရာကို လည်းကောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း၊ ရှင်းလင်းပြောကြားကာ အမှတ်တစ်ရ စုပေါင်း ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank