လူထုဗဟိုပြု စီမံကိန်း ထပ်တိုးမြို့နယ် ရွေးချယ်ရေး အစည်းအဝေး မန္တလေးမြို့တွင် ကျင်းပပြီးစီး

မန္တလေးတိုင်းဒေသကြီးတွင် ကမ္ဘာ့ဘဏ်ရဲ့ အထောက်အပံ့နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း ထပ်မံတိုးချဲ့ ဆောင်ရွက်ဖို့ မြို့နယ်ရွေးချယ်ရေး အကြံဉာဏ် ရယူခြင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၄ ရက် မနက် ၄ နာရီက မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံမှာ ကျင်းပတယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးစိုးသန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က စီမံကိန်း မိတ်ဆက်စကားပြောကြားကာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေးက စီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အထောက်အပံ့နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၃ ခုနှစ်က စတင်အကောင်အဖော်ခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးအတွင်းက ငါန်းဇွန်နဲ့ ညောင်ဦးမြို့နယ်တွေမှာ စီမံကိန်း လေးနှစ်တာ ကာလ ပြီးဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ နထိုးကြီး မြို့နယ်တွေမှာတော့ စီမံကိန်း တစ်နှစ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ဆဲ ဖြစ်ပါတယ်။

ဒါအပြင် လူထုဗဟိုပြု စီမံကိန်း ပိုလျှံငွေကြောင့် မြို့နယ် ၁၃ ခုကို ထပ်မံ တိုးချဲ့ဆောင်ရွက်ခွင့် ရရှိသည့်အတွက် မန္တလေးတိုင်းဒေသကြီးမှာ စီမံကိန်း မြို့နယ်အသစ် တစ်မြို့နယ် ရွေးချယ်ဆောင်ရွက်ဖို့ အခုအစည်းအဝေးကို ရွေးချယ်ဆောင်ရွက်ဖို့ အခုအစည်းအဝေးကို ကျင်းပတာလို့ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank