ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ၌ ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း (၃၀) ရာခိုင်နှုန်း ပြီးစီး

NCDDP’s Village Street Construction in Me Ka Taw Khee Village of Me Tha Mu Village Tract Completed 30 Percent

Hlaingbwe, 27 December 2020, Ministry of Information

ရှမ်းရွာသစ် ဒီဇင်ဘာ ၂၇

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် ရှမ်းရွာသစ်မြို့ မဲသမူး ကျေးရွာ အုပ်စု၊ မဲကတောခီး ကျေးရွာတွင် ရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ကို ဒီဇင်ဘာလ (၁၇) ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ယခု အချိန်တွင် (၃၀)ရာခိုင်နှုန်း ပြီးစီး ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ကျပ်(၂၂၀)သိန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အရှည်(၁၂၅)ပေ၊ အကျယ်(၁၂) ပေ၊ ထု (၆)လက်မရှိပြီး စီမံကိန်း တာဝန်ရှိသူများ တို့၏ စနစ် တကျ လမ်းညွှန်မှုနှင့် ကျေးရွာပြည်သူ လူထုတို့၏ ပူးပေါင်း ပါဝင်မှုတို့ဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်း လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာနေ ပြည်သူများ၏ လမ်းပန်း ဆက်သွယ်ရေး ယခင်ကထက် ပိုမို ဖွံ့ဖြိုး တိုးတက် လာမည် ဖြစ် ကြောင်း သိရသည်။

 

ဇင်လေး(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/26081