လှိုင်းဘွဲ့မြို့နယ် ကွီးကျယ်ကျေးရွာ ရွာချင်းဆက် ကြိုးတံတား ဖွင့်လှစ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ထန်းတပင် ကျေးရွာ အုပ်စု ကွီးကျယ် ကျေးရွာမှာ ကျေးရွာချင်း ဆက်လျက် ရှိတဲ့ တခြား ကျေးရွာတွေကို လွယ်ကူစွာ သွားလာနိုင်ရေးအတွက် လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေ နဲ့ ကျေးရွာ ပြည်သူတွေ ပူးပေါင်းပြီး၊ ထိန်လင်း သာယာ ကြိုးတံတားကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှာ စတင် တည်ဆောက်ခဲ့ပြီး၊ မေလ ဒုတိယ ပတ်မှာ ပြီးစီးတယ်လို့ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီး အရာရှိ ဦးစောအောင်မျိုးမြင့်ထံကနေ သိရှိရပါတယ်။

 

အဲဒီ ကြိုးတံတားကို လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ရန်ပုံငွေ ကျပ် ၃၉၅ သိန်းနဲ့ တံတားအရှည် ပေ ၂၀၀၊ အကျယ် ၅ ပေ ဖြစ်ပြီး၊ အခု ကြိုးတံတား ပြီးစီးသွားတဲ့ အတွက်ကြောင့် ပြည်သူတွေဟာ အန္တရာယ်ကင်းစွာနဲ့ ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank