ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ် ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ ရွှေကျင်မြို့နယ်တွင် ကျင်းပ

လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းအတွက် မြို့နယ်စီမံကိန်း ရေးဆွဲရာမှာ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်တွေကို ထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့ ရှမ်းကျေးရပ်ကွက် မြို့နယ် စည်ပင်သာယာ ခန်းမမှာ ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

 

အခမ်းအနားမှာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက အဖွင့်အမှာ စကားပြောကြားပြီး၊ တိုင်းဒေသကြီး ၂ လွှတ်တော် ကိုယ်စားလှယ် ဒေါ်လှလှဝင်းက အကြံပြု စကားပြောကြားခဲ့ပါတယ်။

 

အဲဒီနောက် မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်သန္တာဦးဆွေက အခမ်းအနားကျင်းပရတဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

 

မြို့နယ် စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးနိုင်လင်းက တက်ရောက်လာတဲ့ ကျေးရွာ ကိုယ်စားလှယ်တွေကို အုပ်စုဖွဲ့ ဆွေးနွေးနိုင်ဖို့ ခေါင်းစဉ်တွေအလိုက် ရှင်းလင်းပြောကြားပြီး၊ အုပ်စု ဖွဲ့ လေးဖွဲ့ခွဲကာ ဆွေးနွေး ခဲ့ကြပါတယ်။

 

ဇော်မျိုး (ရွှေကျင်)

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank