လူထု ဗဟိုပြု စီမံကိန်းမှ နွားထိုးကြီး မြို့နယ်တွင် ဆောင်ရွက် ပြီးစီးခဲ့သော ပညာရေး ဆိုင်ရာ အဆောက်အဦးများအား လွှဲပြောင်းပေးအပ်

NCDDP’s Completed Infrastructure for Education Handed Over to Respective Department in Natogyi

Mandalay, 17 December 2020, SkyNet Media Coverage

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီးတော့ လူထု ဗဟိုပြု စီမံကိန်း နဲ့ ဆောင်ရွက်ခဲ့တဲ့ ပညာရေး ဆိုင်ရာ အဆောက်အဦးများအား သက်ဆိုင်ရာ ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့က နွားထိုးကြီး မြို့နယ် ကျေးလက် ဦးစီးဌာန အစည်းအဝေး ခန်းမမှာ ကျင်းပ ခဲ့ပါရာ

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်က အဖွင့် အမှာ စကား ပြောကြားခဲ့ပြီး၊ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးက ထပ်ဆင့် ပြောကြားခဲ့ပါတယ်။

မြို့နယ် ကျေးလက် ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ် အေးအေးသိန်းက စီမံကိန်း လေးနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်း စာရင်းအား ချပြ ရှင်းလင်း ခဲ့ပြီး၊ လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးထွန်းအောင်ကျော်က လွဲပြောင်း မှတ်တမ်း ပေးအပ်ခဲ့ရာ မြို့နယ် ပညာရေးမှူး ဒေါ်ခင်ထွေးရီမှ လက်ခံ ရယူခဲ့ပြီး ကျေးဇူးတင် စကား ပြောကြားခဲ့ပါတယ်။

 

သတင်း - ချစ်ဦးကိုကို (နထိုးကြီး)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage