လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို လွိုင်ကော်တွင် ကွင်းဆင်း စစ်ဆေး

ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လွိုင်ကော် ရှားတော မြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးက ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကိုတော့ မေလ ၂၄ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

 

စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ လက်ရှိ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကူးစက် ပြန့်ပွားမှု ထိန်းချုပ်နေတဲ့ ကာလအတွင်း ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးနဲ့ တာဝန်ရှိသူတွေက ကွင်းဆင်း စစ်ဆေးခဲ့တာပါ။

 

ဒီကျေးလက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပြီးစီးသွားရင်တော့ ကျေးရွာနေ ပြည်သူတွေရဲ့ လူမှု့ရေး၊ စီးပွားရေး၊ ကျန်းမာရေး လုပ်ငန်းတွေမှာ များစွာ အကျိုးဖြစ်ထွန်းမှာလို့ သိရပါတယ်။

 

သတင်း - စိုင်းစိုင်း (လွိုင်ကော်)

Credit- Myawaddy Daily Newspaper Coverage

#NCDDP #DRD #MOALI #WorldBank