မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ်စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး

NCDDP’s Second Year Project Cycle Activities in Mawkmai Completed

Shan, 14 October 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ အုပ်စုပေါင်း ၈ အုပ်စု၊ ကျေးရွာပေါင်း ၁၀၃ ရွာနှင့် စီမံကိန်းလုပ်ငန်းခွဲပေါင်း ၇၈ ခုအား အကောင်ထည်ဖော် ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်။

စီမံကိန်း လုပ်ငန်းခွဲများကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ၂၀၂၀ခုနှစ် အော်တိုဘာလ အထိ စီမံကိန်းမှ ချမှတ်ထားသော လမ်းညွှန်ချက်များ၊ သတ်မှတ်ချက်များနှင့် စီမံကိန်း စက်ဝန်းအပိုင်းများနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

လူထုဗဟိုပြု စီမံကိန်း ဒုတိယ စက်ဝန်းတွင် ထောက်ပံ့ရံပုံငွေ ကျပ်သန်း ၅၃၄သန်းဖြင့် လမ်းလုပ်ငန်း ၂၈ ခု၊ တံတားလုပ်ငန်း ၆ ခု၊ ပညာရေးနှင့် သက်ဆိုင်သော အဆောက်အဉီး ၃ ခု၊ ရေးပေးရေးလုပ်ငန်း ၁၄ ခု၊ မီးလင်းရေးလုပ်ငန်း ၁၀ ခု၊ ကျေးရွာ ခန်းမဆောင် လုပ်ငန်း ဆောက်လုပ်ခြင်း လုပ်ငန်း ၁၆ ခုနှင့် အခြား အုတ်ရေမြောင်း လုပ်ငန်း ၁ ခု စုစုပေါင်း လုပ်ငန်းခွဲပေါင်း ၇၈ အား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်းရှိ လူဉီးရေ ၂ သောင်းခန့် အကျိုးခံစားခွင့်ရှိကြောင်း သိရသည်။

သတင်း - မိုင်းဉာဏ်လင်း

#CFW, #CERP, #DRD, #MOALI

Credit –Development News TV

https://web.facebook.com/108312817273501/videos/345593210046340