ပြင်ပ စာရင်းစစ် အဖွဲ့မှ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ကန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အီတလီ ချေးငွေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိတဲ့ လူထုဗဟိုပြု စီမံကိန်း တတိယနှစ်နဲ့ စတုတ္ထနှစ် စက်ဝန်း ကျေးရွာတွေ ဖြစ်တဲ့ သီးကုန်း ကျေးရွာအုပ်စုနဲ့ တောင်ပို့ကြီး ကျေးရွာအုပ်စုကို ပြင်ပ စာရင်းစစ် BDO Cambodia အဖွဲ့မှ Mr Fen Darasy နဲ့ ဒေါ်နန်းနှင်း သက်ထွေးတို့ဟာ မတ်လ ၁၃ ရက်နေ့မှာ ဝယ်ယူရေး၊ ဘဏ္ဍာရေး၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းစဉ်တွေနဲ့ ဘဏ္ဍာရေး ဝယ်ယူရေး ဆိုင်ရာ မှတ်တမ်းဖိုင်တွေ ထားရှိမှုကို ကွင်းဆင်း စစ်ဆေးကြည့် ရှု့ခဲ့ပါတယ်။

စာရင်းစစ် ကွင်းဆင်း စစ်ဆေးခြင်း အစီအစဉ်မှာ နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင်ဦး၊ ဆောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနဲ့ ဝန်ထမ်းတွေ ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း စီမံကိန်း တာဝန်ခံ၊ နည်းပညာ အကြံပေးအဖွဲ့တွေ၊ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီဝင်တွေနဲ့ ကျေးရွာလူထုတွေ ပါဝင်တက် ရောက်ခဲ့ပါတယ်။