လူထု ဗဟိုပြု စီမံကိန်း မိုင်းခတ်မြို့နယ် ကျေးရွာအုပ်စုအဆင့် ရန်ပုံငွေ ခွဲဝေခြင်း အစည်းအဝေး ကျင်းပ

NCDDP’s Completed Infrastructure for Education in Pauk Handed Over to Respective Departments

Magway, 15 November 2020, Development News TV

စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာဘဏ်တို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသော လူထု ဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) ကို ရှမ်းပြည် နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ် မြို့နယ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာ ယခုအခါ စီမံကိန်း လုပ်ငန်းစဉ် တစ်ခုဖြစ်သော ကျေးရွာအုပ်စု ရံပုံငွေခွဲဝေခြင်း အစည်း အဝေးကို နောင်လုံး အုပ်စု၊ ကျိုင်းခေါင် ကျေးရွာတွင် နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကျေးရွာ ၁၃ ရွာမှ အာခါ၊ လားဟူ၊ ရှမ်းလူမျိုးစုများ ဖြစ်သော စီ/ထောက် ကော်မတီဝင်တွေ တက်ရောက်ခဲ့ကြ သည်။

ယခု အခါတွင် ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် လူဦးရေ ကန့်သတ်ပြီး၊ Mask များ တပ်ဆင်ကာ အကွာအဝေး သတ်မှတ်ကာ ရှင်းပြခြင်း နည်းလမ်းများဖြင့် ပြုလုပ်ခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ စီမံကိန်း တာဝန်ခံ ဦးသက်နောင်ထွေး လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့မှ အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့်နှင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ရှိသူများ တက်ရောက်ကြပြီး၊ ကျေးရွာ တာဝန်ခံ လက်ထောက်နည်းပညာမှူးနဲ့ လူထု စည်းရုံးရေးမှူးများမှ အာခါ၊ လားဟူ၊ ရှမ်း ဘာသာ ၃ မျိုးဖြင့် ဘာသာပြန် ရှင်းပြပေး ခဲ့သည်။

အစည်းအဝေး ရလာဒ် အနေဖြင့် ကျေးရွာ ၇ ရွာမှ လုပ်ငန်း ၃ မျိုးဖြစ်သော ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်း ၄ ခု၊ ဆိုလာ မီးတိုင် စိုက်ထူခြင်း ၂ ခု၊ မြေသားလမ်း တိုးချဲ့ခြင်း တစ်ခုတို့ကို အကောင်အထည် ဖော် ဆောင်ရွက်ရန် သဘောတူညီ ခဲ့ကြသည်။

နောင်လုံးအုပ်စု အတွက် တတိယနှစ် စက်ဝန်း ပံ့ပိုးငွေကျပ် ၅၅၀ သိန်းမှ အသေးသုံးငွေ ၄ ရာခိုင်နှုန်း နုတ်ပြီး၊ ဒုတိယနှစ် စက်ဝန်း ပိုငွေနှင့် ပေါင်းကာ အဆိုပြု သဘောတူထားသော လုပ်ငန်း ၃ မျိုးတွင် ခွဲဝေ သုံးစွဲသွားမည် ဖြစ်ပြီး၊ မြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေး ကော်မတီသို့ တင်ပြပြီး၊ ခွင့်ပြုချက် ကျလာပါက လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ခင်မာဌေး

#NCDDP, #DRD, #MOALI, #WorldBank

Credit – Development News TV

https://web.facebook.com/108312817273501/videos/691742171712464