လူထုဗဟိုပြုစီမံကိန်း သတင်းနှင့်ပြန်ကြားဆက်သွယ်ရေးပြခန်း မတူပီမြို့နယ်ဖွင့်လှစ်ပြသ

မတူပီမြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)မှ "ကျေးလက်လူထုအခြေပြု ဖွံ့ဖြိုးမှုကို တို့ရှေးရှု့ဟူသော ဆောင်ပုဒ်နှင့်အညီ အများပြည်သူများမှ  လူထုဗဟိုပြု စီမံကိန်းအကြောင်း မိုပိုသိရှိလာစေရန်နှင့် အသိပညာများဖြန့်ဝေနိုင်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ ၂၀ရက်နေ့က မတူပီမြို့နှင့် ရေဇွာမြို့တွင် ကျင်းပပြုလုပ်သည့် (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် သတင်းပြန်ကြားဆက်သွယ်ရေးပြခန်းကို ဖွင့်လှစ်ပြသခဲ့ပါသည်။

လူထုဗဟိုပြုစီမံကိန်း စီမံကိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် မှတ်တမ်းဓါတ်ပုံပြခန်းပြုလုပ်ရသည့်ရည်ရွယ်ချက်များကို တက်ရောက်လာကြသော အများပြည်သူများ သိရှိနိုင်ပါရန် မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင်မှ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာများ၊ အခြားအဖွဲ့အစည်းများ၊ NGO/INGOများနှင့် မြို့ပေါ်()ရပ်ကွက်ရှိ မိဘပြည်သူများ၊ ကျောင်းသား/သူများတက်ရောက်ကြကာ ပြခန်းတွင် ပြသထားသည့် စီမံကိန်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများကို လှည့်လည်ကြည့်ရှုကာ လူထုဗဟိုပြုစီမံကိန်းနှင့်သက်ဆိုင်သော ပဟေဠိမေးခွန်းများဖြေကြားပြီး ဖြေဆိုနိုင်သူများကို စီမံကိန်းအမှတ်တံဆိပ်ပါတီရှပ်များ၊ ဦးထုပ်များနှင့်လက်စွဲစာစောင်များ ပေးအပ်ကြပါသည်။