ရေယဉ်ကျေးရွာ ကျေးရွာတွင်းမီးတိုင်၊မီးကြိုးသွယ်တန်းခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် ကနီမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စီမံကိန်းစက်ဝန်းအတွင်း ယာကြီးကျေးရွာအုပ်စု၊ ရေယဉ်ကျေးရွာ ရွာတွင်းလိုင်းလျှပ်စစစ်မီးကြိုး၊မီးတိုင်သွယ်တန်းခြင်းလုပ်ငန်းအား စစ်ကိုင်းတိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းရုံး၊စီမံကိန်းတာဝန်ခံ ဦးဝင်းနွယ်(ဒုတိယညွှန်ကြားရေးမှူး)၊ စီမံကိန်းအကြံပေး ဦးဝင်းရွှေမောင်၊ ကနီမြို့နယ်ဦးစီးမှူး ဦးဇော်မိုးမြင့်တို့မှ မြို့နယ်လူထုဗဟိုပြု စီမံကိန်းရုံးမှ တာဝန်ရှိသူများနှင့်အတူ (၂.၂.၂၀၂၁)ရက်နေ့တွင် ရေယဉ်ကျေးရွာ စီထောက်ကော်မတီများနှင့်တွေ့ဆုံပြီး လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်းတာဝန်ခံမှ လုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်သွားကြရန်၊လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ကျေးရွာလူထုအား ပွင့်လင်းမြင်သာမှုရှိရှိဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး၊ တိုင်းစီမံကိန်းအကြံပေးမှလည်း လုပ်ငန်းများအား ရေရှည်ထိန်းသိမ်းဆောင်ရွက်သွားနိုင်ရေးအတွက် လည်ပတ်ပြင်ထိန်းအစီအစဉ်များအား ကြိုတင်ပြင်ဆင်ရေးဆွဲထားကြရန် အရေးပါကြောင်း၊ ကျေးရွာကော်မတီများမှလည်း ဆက်လက်ဆောင်ရွက်သွားမည့်ကိစ္စများနှင့်ပတ်သက်ပြီး ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ ရွာတွင်းလိုင်းလျှပ်စစ်မီးကြိုး၊မီးတိုင်သွယ်တန်းခြင်းလုပ်ငန်းအား   အတိုင်းအတာ (၇၉၂၉ပေ၊ စီမံကိန်းထောက်ပံ့ရန်ပုံငွေ(၄၃.၂၀)ကျပ်သန်းဖြင့် ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ပထမနှစ်နှင့်ဒုတိယနှစ်စီမံကိန်းစက်ဝန်းတွင်လည်း ကျေးရွာတွင်းလမ်းဂျင်းမြေခင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 

Sagaing Region CDD