ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ ကံချိုင့်ကျေးရွာ မြတ်မော်တင်ဘုရားပွဲတွင် Information Campaign ဆောင်ရွက်မှုအခြေအနေများ

     ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ကံချိုင့်ကျေးရွာ မြတ်မော်တင်ဘုရားပွဲ တွင် ကျင်းပပြုလုပ်သော သတင်းဆက်သွယ်ရေးနှင့် စည်းရုံးလှုံဆော်မှု ပြပွဲအခမ်းအနားတွင် ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ဆွေဝင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးကျော်သူမင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်၍  ကျေးရွာအုပ်စု (၆)အုပ်စု ကျေးရွာပေါင်း (၂၉)ရွာမှ ကော်မတီများ၊ ကျေးရွာလူထုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရာဖူးဧည့်သည်များလာရောက်မည်ဖြစ်ပြီး စီမံကိန်းနှင့် ပတ်သက်သောပြခန်းတွင်လည်း ဓါတ်ပုံများ၊ ပိုစတာများ၊ စီမံကိန်းလက်စွဲစာအုပ်များ၊ လက်ကမ်းစာစောင်များ ၊ ကဗျာများ၊ ဝေဖန်အကြံပြုစာတိုက်ပုံးများခင်းကျင်းပြသထား၍ စီမံကိန်းနှင့်ပတ်သက်သောအဘောတရားများ၊ လုပ်ငန်းစဉ်များအား Microphone အသုံးပြု၍ ဘုရားဖူးဧည့်တော်များအားရှင်းပြခြင်း၊ မေးခွန်းများမဲနှိုက်၍ ဖြေကြားစေခြင်း၊ အဖြေမှန်သူများအား ဆုချီးမြှင့်ခြင်း ၊ မိတ်ဆက်အင်တာဗျူးခြင်းများ ပြုလုပ်ခဲ့ပါသည်။