လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် လူထု စစ်ဆေးပွဲ လှိုင်းဘွဲ့ မြို့နယ်တွင် ပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အောက်ရေပူ ကျေးရွာ အုပ်စု ကော့တာဟိုးကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ်လမ်း လူထု စစ်ဆေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းက အဲဒီကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီကျေးရွာမှာ ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းလုပ်ငန်းကို အရှည် ၁၁၂၄ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မထု ခင်းကျင်းခြင်းလုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၁၆၄ ဒဿမ ၇၄၂၅ သိန်း၊ ကျေးရွာ လူထု ထည့်ဝင်ငွေ ၅ ဒဿမ ၆၄ သိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ အဲဒီ လူထု စစ်ဆေးပွဲ အခမ်းအနားကို လှိုင်းဘွဲ့မြို့နယ် လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းတွေ လူထုဗဟိုပြု စီမံကိန်း ကော်မတီဝင်တွေ ကျေးရွာသူ ကျေးရွာသားတွေ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - စိုးမိုးကျော်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank