ထီးလင်းမြို့နယ် ညောင်ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်

မကွေးတိုင်း၊ ဂန့်ကောခရိုင် ထီးလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနရှိ လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာမှာ ညောင်ကျေးရွာ အုပ်စု ညောင်ကျေးရွာမှာ ကျေးရွာလူထု ကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ထားတဲ့ ကျေးရွာ လျှပ်စစ်မီးလင်းရေးကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

အဲဒီ မီးလင်း‌ရေး လုပ်ငန်းကို လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၈၄ သိန်း၊ ကျေးရွာ လူထုထည့်ဝင်ငွေ ၁၂၃ သိန်း၊ စုစုပေါင်း ၂၀၇ သိန်း ကုန်ကျပြီး၊ မီးတိုင် ကျင်းတူးခြင်းနဲ့ အုတ်ညပ်လောင်းခြင်း၊ ပူတင်လောင်းခြင်း လုပ်ငန်းတို့ကို ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော်ပြီး၊ မီးတိုင်ထူခြင်း၊ သံလက်တန်း တပ်ဆင်ခြင်း၊ မီးလုံး မီးကြိုး တပ်ဆင်ခြင်းကို တာဝန်ယူ ဆောင်ရွက်တဲ့ ကုမ္ပဏီ လီမိတက်က အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

အဲဒီ ကျေးရွာတွင်း မီးလိုင်းအားလုံးကို မေလ ၂၃ ရက်နေ့က အပြီးဆောင်ရွက်နိုင်ခဲ့ပြီး၊ ကျေးရွာမှာ ရှိတဲ့ အိမ်ထောင်စု ၂၃ အိမ်၊ လူဦးရေ ၆၃၉ ဦးအတွက် အကျိုးခံစားခွင့် ရှိမှာ ဖြစ်ပါတယ်။

လူထု ဗဟိုပြု စီမံကိန်းက အခုနှစ် ထီးလင်း မြို့နယ်မှာ ကျေးရွာ ၉၃ ရွာမှာ ကျေးရွာ မီးလင်းရေး လုပ်ငန်း ၅၁ ခုကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ် တယ်လို့ သိရပါတယ်။

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank