ခေါင်းပေါင်း ကျေးရွာ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်း လုပ်ငန်းအား ကြည့်ရှု့ စစ်ဆေး

မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်ဝန်း) ထောက်ပံ့ ရန်ပုံငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ခေါင်းပေါင်း အုပ်စု ခေါင်းပေါင်း ကျေးရွာ ကျေးရွာတွင်း မြေနီလမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဇူလိုင်လ ၃ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ ပေါက်မြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး၊ ကျား-မ ရေးရာ တာဝန်ခံ ဦးမျိုးဝင်းထွန်း၊ လက်ထောက်နည်းပညာ မှူး ဦးဌေးလင်းမောင်၊ လူစု စည်းရုံးရေးမှူး ဦးစိန်ထွန်းအောင်တို့မှ လုပ်ငန်း ကော်မတီ များနဲ့ တွေ့ဆုံပြီး၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေး ခဲ့ရာ လိုအပ်တဲ့ နည်းပညာများကို လုပ်ဆောင်နိုင်ဖို့ အတွက် လမ်းညွှန်မှာကြား ခဲ့ပါတယ်။

 

အဆိုပါ ကျေးရွာ ကျေးရွာတွင်း လမ်းခင်းခြင်း လုပ်ငန်းမှာ အရှည်ပေ ၈၃၄၀ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ရှိတဲ့ မြေနီလမ်းကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၆၀ ကျော်နဲ့ စီမံကိန်း ဝန်ထမ်းများရဲ့ နည်းပညာ ပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှု ကျေးရွာ လူထုရဲ့ လုပ်အား များနဲ့ အတူ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank