ကွန်ကရစ်ဘောင် သဲ၊ ကျောက်ခင်းလမ်း ဖွင့်ပွဲကို ရွှေကူမြို့နယ်တွင် ကျင်းပ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ပန်းတင်ကျေးရွာမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စီမံကိန်းစက်ဝန်းနဲ့ ဆောင်ရွက်ပြီးစီးခဲ့တဲ့ ကွန်ကရစ်ဘောင် သဲ၊ ကျောက်ခင်းလမ်း ဖွင့်ပွဲကို ဖေဖေါ်ဝါရီလ ၂ ရက်နေ့ မနက် ၉ နာရီ ခွဲက အဆိုပါ ကျေးရွာမှာ ကျင်းပတယ်လို့ သိရပါတယ်။

ရှေးဦးစွာ မြို့နယ်လမ်း ဦးစီးဌာန ဦးစီးမှုး ဦးသာဌေး၊ မြို့နယ် စီမံကိန်း ရေးဆွဲရေး ဦးစီးမှုး ဦးဇော်ဦး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ စိုင်းထွန်းနဲ့ အဆိုပါ လမ်းမုဒ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ခင်းထားတဲ့ လမ်းကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။

ဆက်လက်ပြီး အခမ်းအနားကို ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးရင်ခိုင်က ဦးစီးဌာနမှ အကောင်အထည်ဆောင်ရွက်တဲ့ စီမံကိန်းလုပ်ငန်းများနဲ့ ပတ်သတ်ပြီး ရှင်းလင်းပြောကြားပါတယ်။

အဆိုပါ ကွန်ကရစ်‌ဘောင် သဲကျောက်ခင်းလမ်းမှာ အရှည် ပေ ၁၆၄၃ ပေ၊ အကျယ် ၁၆ ပေနဲ့ ထု ၈ လက်မ ရှိတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank