လူထုဗဟိုပြုစီမံကိန်း နည်းပညာဆိုင်ရာ ဆွေးနွေးပွဲ ရမည်းသင်း မြို့နယ်တွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်းမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းအတွက်

လိုအပ်တဲ့ နည်းပညာ ပံ့ပိုးကူညီနိုင်‌ရေး ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၈ ရက် မနက် ၉ နာရီက အဲဒီ စီမံကိန်း ရုံးမှာ ကျင်းပပါတယ်။ အဲဒီ

ဆွေးနွေးပွဲမှာ ကမ္ဘာဘဏ်မှ International CDD Specialist, Ms. Corazon Victoria Juliano-Soliman က လူထုဗဟိုပြုစီမံကိန်း

ဆောင်ရွက်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို လေ့လာပြီး ဖြေရှင်းဆောင်ရွက်ပေးမှုနဲ့ စီမံကိန်း စတုတ္ထနှစ်မှာ ဆောင်ရွက်ရမယ့်

လုပ်ငန်းစဉ်တွေကို လည်းကောင်း၊ ပြီးခဲ့တဲ့ စီမံကိန်း စက်ဝန်းက ဆောင်ရွက်ပြီးစီးမှုနဲ့ ဆက်လက် ဆောင်ရွက်ရမယ့် စက်ဝန်း အခြေအနေတို့ကို

လည်းကောင်း မေးမြန်းဆွေးနွေးမှုအပေါ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှုးနဲ့ ဝန်ထမ်းတွေ မြို့နယ် လူထုဗဟိုပြု

စီမံကိန်း လုပ်ငန်း တာဝန်ခံနဲ့ နည်းပညာအကြံပေးအဖွဲ့တွေက ပြန်လည် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank