ဆောမြို့နယ် အနိမ့်ကျေးရွာတွင် လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲ လူထုစစ်ဆေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း အနိမ့် ကျေးရွာ အုပ်စု အနိမ့် ကျေးရွာ မီးကြိုးမီးတိုင် သွယ်တန်းခြင်း လူထု စစ်ဆေးပွဲကို ဇူလိုင်လ ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တို့မှာ ကျင်းပ ခဲ့ပါတယ်။

 

လူထုစစ်ဆေးပွဲ မှာတော့ လက်ထောက်နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူးနဲ့ ကျေးရွာ စီမံကိန်း ကော်မတီဝင်များမှ အုပ်စု (၅)ခုဖွဲ့ ကာ ကျေးရွာတွင်း လှည့်လည်ကာ အိမ်ထောင်စု တစ်ခုချင်းစီအလိုက် လူထု စစ်ဆေးပွဲ ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြခဲ့ပါတယ်။

အဲဒီနောက် လုပ်ငန်းစဉ်နဲ့ ရလဒ်များ အပေါ် ရှင်းလင်းပြောကြားပြီး စိတ်ကျေနပ်မှု ရှိ/ မရှိ ကို ကျေးရွာလူထုအားလုံးမှ မဲပေးနိုင်ရန်အတွက် အိမ်ထောင်စု တစ်ခု ချင်းစီအလိုက် မဲစာရွက်များ ဝေ၍ ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

အနိမ့်ကျေးရွာမှာ စတုတ္ထ နှစ်စက်၀န်း လူထုဗဟိုပြု စီမံကိန်းနဲ့ မီးကြိုးမီးတိုင်သွယ်တန်းခြင်းကို လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး၊ ကျေးရွာအတွင်း လူဦးရေ စုစု‌ပေါင်း ၆၆၂ ဦး အကျိုးခံစားခွင့် ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း - ကျော်စွာဝင်း (Saw CDD)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank