လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲ့မြို့နယ် ကျွန်းတောကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်း

NCDDP’s Village Concrete Street Construction Kicked Off in Kyun Taw Village of Hlaingbwe

Kayin, 4 November 2020, SkyNet Media Coverage

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း ထောက်ပံ့ငွေ သိန်း ၂၀၀ နဲ့

အင်းနို့သိပ္ပံ ကျေးရွာအုပ်စု ကျွန်းတော ကျေးရွာမှာရှိတဲ့ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၂ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက် ရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့တို့ရဲ့ စနစ်တစ်ကျ လမ်းညွှန်မှု လက်ထောက် နည်းပညာမှူး ဒေါ်ဇီဇဝါပွင့်၊ လူထု စည်းရုံးရေးမှူး နန်းစန်းစန်းမြင့် တို့ရဲ့ အနီးကပ် ကြီးကြပ်မှုနဲ့ ကျေးရွာသူ/ ကျေးရွာသားတွေရဲ့ ပူးပေါင်းဆောင်ရွက်တွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။

သတင်း - ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit - SkyNet Media Coverage