လှိုင်းဘွဲမြို့နယ် ချမ်းသာ ကျေးရွာတွင် စာသင်ကျောင်း ဆောင်သစ် ဆောက်လုပ်ခြင်း ၇၀% ပြီးစီး

NCDDP’s School Construction in Chan Thar Ywar of Hlaingbwe Completed 70 Percent

Kayin, 7 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၇

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင် အထည်​​​ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယ နှစ်စက်ဝန်း) တွင် ဒိုင်းပြကျေးရွာ အုပ်စု၊ ချမ်းသာ ကျေးရွာ ​ကျောင်းဆောင်သစ် ဆောက်လုပ် ခြင်းလုပ်ငန်း ၇၀% ပြီးစီး​နေပြီ ဖြစ်​ကြောင်း သိရသည်။

အဆို​ပါ ကျောင်း​ဆောင်သစ်ကို လူထု ဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ (၃၀၀၀၀၀၀၀) ကျပ်ဖြင့် (အလျား ၆၀ပေ x အနံ ၃၀ပေ x အမြင့် ၁၂ပေ) လုပ်ငန်းကို အကောင်ထည်ဖော် ဆောင်ရွက်​ရာ လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး မခိုင်ဇင်ညို၊ လူထု စည်းရုံး​ရေးမှူး နန်း​ချောစုကြည်တို့မှ အနီးကပ် ကြီးကြပ်မှု၊ ပြည်နယ် အင်ဂျင်နီယာ အကြံ​ပေး ဦးအောင်​ကျော်ဇံ၊ ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီးဌာန မြို့နယ် အင်ဂျင်နီယာ အကြံ​ပေး​ ဒေါ်ခိုင်ခင်ဦးနှင့် မြို့နယ် နည်းပညာ အကြံ​ပေးအဖွဲ့ တို့၏ စနစ်တကျလမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထ ုတို့၏ ပူး​ပေါင်း ပါဝင်မှုများ ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်​နေခြင်း ဖြစ်ပြီး ၁၀၀% ပြီးစီးပါက ချမ်းသာ ကျေးရွာမှ အိမ်​ထောင်စု (၈၀)စု၊ လူဦးရေ (၅၉၃) ဦးတို့၏ ကျောင်းသား/ကျောင်းသူ ကျား (၂၆)ဦး၊ မ(၃၄)ဦးတို့ လုံခြုံစိတ်ချစွာ စနစ်တကျ ပညာ သင်ကြားနိုင်မည် ဖြစ်​ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/23532