ကျေးရွာ စီမံခန့်ခွဲမှုသင်တန်း ကန်တော်လောင်းကျေးရွာတွင် ပို့ချ

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ ခရိုင် မိုင်းခတ်မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး

ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ဖို့

အတွက် မိုင်းကာ အရှေ့အုပ်စု ကန်တော်လောင်းကျေးရွာမှာ ကျေးရွာ စီမံ ခန့်ခွဲမှု အဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့နဲ့ ၂၄ ရက်နေ့တွေမှာ သင်တန်း

ပို့ချခဲ့ပါတယ်။ အဲဒီသင်တန်းကို တက်ရောက်သူတွေကတော့ ကျေးရွာ ၈ ရွာက ဟာခါ၊ ဟာခေ၊ လာဟူ လူမျိုး ၅၃ ဦးတက်ရောက်ခဲ့ကြပြီး၊ ဟာခါ၊ လာဟူ

ဘာသာနှစ်မျိုးနဲ့ သင်တန်း ပို့ချခဲ့ပါတယ်။ သင်တန်းကို လူထုဗဟိုပြု စီမံကိန်းက နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်၊ အုပ်စုတာဝန်ခံ

ဒေါ်အေးမေ (DRD) ၊ ဒေါ်ခင်မာဌေး (TTA) တို့က ပူးပေါင်းပါဝင်ပေးကြပြီး၊ ကျေးရွာအုပ်စုတာဝန်ခံ လက်ထောက် နည်းပညာမှူး၊ လူထုစည်းရုံးရေးမှူး

တို့က ပို့ချခဲ့တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank