ရွှေကူမြို့နယ်၌ လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုညှိနှိုင်း ဆွေးနွေးခြင်းများ ဆောင်ရွက်

ရွှေကူ ဇူလိုင် ၁၀

ကချင်ပြည်နယ် ရွှေကူမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) စီမံကိန်းလုပ်ငန်းများ စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုညှိနှိုင်းဆွေး နွေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများ စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုညှိနှိုင်း ဆွေးနွေးရာတွင် ရွှေကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်ဝန်း) မြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၁) အုပ်စုရှိ ကျေးရွာပေါင်း (၃၆) ရွာတွင် လုပ်ငန်း (၃၈) မျိုးအား ဦးစားပေး ဆောင်ရွက်မည့် ကျေးရွာလမ်းများ၊ တံတားနှင့် အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို အတည်ပြုညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းလုပ်ငန်းများ စိစစ်သုံးသပ်ခြင်းနှင့် အတည်ပြုညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များဖြစ်သော ဦးတင်ဦးယုနှင့် ဦးမြသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်ခိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စု စီမံကိန်းအထောက်အကူပြု ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%94%E1%80%9A%E1%80%BA/10/07/2020/id-23515