မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း လုပ်ငန်းများ စတင်အကောင်အထည်ဖော် ဆောင်ရွက်

NCDDP’s Third Year Project Cycle Kicked Off in Mawkmai

Shan, 15 October 2020, KBZTai

စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယ)နှစ်စက်ဝန်း လုပ်ငန်းများ စတင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နမ့်လွတ်ကျေးရွာအုပ်စုသို့ အောက်တိုဘာလ ၇ ရက်မှ ၁၄ ရက်နေ့အထိ လူထုဗဟိုပြုစီမံကိန်းရုံးက တာဝန်ရှိသူတွေ ကျေးရွာအစည်းအဝေး ပြုလုပ်ဖို့ ကွင်းဆင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အစည်းအဝေးမှာ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးဝင်းမြတ်သူမှ အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး၊ နည်းပညာ အကြံပေး ဦးမိုင်းဉာဏ်လင်းမှ (တတိယ)နှစ် စက်ဝန်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးရွာလူထုနှင့် ကော်မတီဝင်များ အနေဖြင့် မိမိကျေးရွာမှ အမှန်တကယ် လိုအပ်သော လုပ်ငန်းခွဲတွေကို ရွေးချယ်သွားဖို့နဲ့ တည်ရှိ ကော်မတီဝင်တွေ အနေဖြင့် ဆက်လက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး သွားကြဖို့ကို ဆွေးနွေး အကြံပြုခဲ့ပြီး တာဝန်ကျ စည်းရုံးရေး မှူးတွေနဲ့ လက်ထောက် နည်းပညာမှူးတို့က စီမံကိန်း အကြောင်းတွေ ပြန်လည်မိတ်ဆက် ပြောကြားကာ စီမံကိန်းစက်ဝန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ထောက်ပံ့ ရံပုံငွေရရှိမှု၊ ကျေးရွာစီထောက် ကော်မတီဝင်တွေ အတည်ပြုတာနဲ့ လုပ်ငန်းခွဲတွေ ရွေးချယ် အတည်ပြုတာတွေကို ပြုလုပ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

နမ့်လွတ် ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း (၁၀)ရွာ ရှိပြီး အခု လူထုဗဟိုပြု စီမံကိန်း (တတိယ)နှစ် စက်ဝန်း ထောက်ပံ့ ရန်ပုံငွေကျပ် သန်း(၄၀)နဲ့ ကျေးရွာကနေ အမှန်တကယ် လိုအပ်တဲ့ လုပ်ငန်းခွဲတွေကို အကောင် အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

သတင်း - မိုင်းဉာဏ်

#NCDDP, #DRD, #MOALI, #WorldBank

Credit - Kanbawza Tai Broadcasting

#KBZTai #Shan #Broadcasting

https://web.facebook.com/kbztai/videos/792614554837089