လူထုစစ်ဆေးပွဲနှင့် Information Campaign ကျင်းပပြုလုပ်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် ခေါဘဲမ်းကျေးရွာအုပ်စု၊ တွီးခိန်းကျေးရွာတွင် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်၀န်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်သော ရေအားလျှပ်စစ်ဖြန့်ဝေလိုင်း(မီးတိုင်နှင့်မီးကြိုး)ဆောင်ရွက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးခြင်းအတွက် လူထုဗဟိုပြုစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော လူထုစစ်ဆေးပွဲကို (၂၁.၁၁.၂၀၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူးဦးနန်ဒိုဆူမ်းမန်မှ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါစီမံကိန်းလုပ်ငန်းခွဲကို စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၂၄၈)ဖြင့် (၂၉.၅.၂၀၁၉)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ရာ (၁၄.၁၁.၂၀၁၉)ရက်နေ့တွင် အောင်မြင်စွာ လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။

လူထုစစ်ဆေးပွဲဆောင်ရွက်မှုအပြီးတွင် လူထုဗဟိုပြုစီမံကိန်းအကြောင်း မြို့နယ်ရှိကျေးရွာလူထုများအနေဖြင့် ထဲထဲဝင်ဝင်ပိုမိုသိရှိလာနိုင်စေရန်၊ စီမံကိန်းဝန်ထမ်းများအားလုံးမှ စည်းစည်းလုံးလုံးဖြင့်လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် ချစ်ခင်ရင်းနှီးမှု ပိုမိုအားကောင်းလာစေရန်၊ စီမံကိန်းဝန်ထမ်းများနှင့် ကျေးရွာလူထုများ ထိတွေ့ဆက်ဆံမှု အားကောင်းလာကာအပြန်အလှန် နားလည်မှုများကို တိုးတက်ဖြစ်ထွန်းလာပြီး စီမံကိန်းတွင် ပူးပေါင်းပါဝင်မှုပိုမို အားကောင်းလာစေရန်နှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် သတင်းပြန်ကြားဆက်သွယ်ရေး၏အခန်းကဏ္ဍတစ်ခုအနေဖြင့် ပြုလုပ်ကျင်းပပြီး လူထုအား စီမံကိန်းအကြောင်းထိထိရောက်ရောက်အသိပညာ ဖြန့်ဝေနိုင်စေရန် ရည်ရွယ်လျက် လူထုဗဟိုပြုစီမံကိန်းသတင်းနှင့်ဆက်သွယ်ပြန်ကြားရေးပြခန်း(Information Campaign)ကို ကျင်းပပြုလုပ်ခဲ့ပါသည်။