ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်(စတုတ္ထနှစ်စက်ဝန်း) လူထုဗဟိုပြုစီမံကိန်း ရေနံတောင် ကျေးရွာအုပ်စု၊ ကွင်းလျားကြီးကျေးရွာ လူထုစစ်ဆေးပွဲပြုလုပ်ခြင်း

 စိုက်ပျိုးရေး ၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကျေးလက်ဒေသဖွံ့ဖြိုး တိုးတက် ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကြံခင်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)အား အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိရာ ရေနံတောင်ကျေးရွာအုပ်စု၊ ကွင်းလျားကြီးကျေးရွာ၏ ချောင်းကျောက်လမ်းခင်းခြင်း လုပ်ငန်းကို အတိုင်းအတာ (၃၀၀၀ပေ x ၁၄ပေ x ၅လက်မ) စီမံကိန်းထောက်ပံငွေ (၃၄၀၀၀၀၀)ကျပ် ၊ကျေးရွာထည့်ဝင်ငွေ (၇၀၀၉၀) ကျပ်ဖြင့် (၁၉.၂.၂၀၁၉) ရက်နေ့တွင် စတင် အကောင်အထည်ဖော်၍ (၁၅.၃.၂၀၁၉) ရက်နေ့တွင်လုပ်ငန်းပြီးစီး၍ လူထုစစ်ဆေးပွဲအား (၁၉.၃.၂၀၁၉) ရက်နေ့ တွင်အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။