ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးမှ မတူပီမြို့နယ် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းခွဲ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)အား မတူပီမြို့နယ်တွင် ကျေးရွာပေါင်း(၁၄၉)ရွာတွင် စီမံကိန်းလုပ်ငန်းခွဲပေါင်း (၁၅၂) ခု အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဝလံပီးကျေးရွာအုပ်စု၊ ဝလံပီး (ခ) ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သော လူထုခန်းမဆောင်နှင့် ဖနိုင်ကျေးရွာအုပ်စု၊ ဖနိုင်ကျေးရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်သော မူကြိုကျောင်းဆောင်တည်ဆောက်မှုလုပ်ငန်းအခြေအနေများအား ချင်းပြည်နယ်၊ မင်းတပ်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကျော် (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးတင်ကိုထွဋ် (လက်ထောက်ညွှန်ကြားရေးမှူး)၊ မတူပီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအာလ်လျန်ထန် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် မတူပီမြို့နယ်မှသက်ဆိုင်ရာဝန်ထမ်းများမှ (၇.၇.၂၀၁၈) ရက်နေ့တွင် ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကော်မတီများနှင့် တွေဆုံခဲ့ကြပါသည်။